ဖျာပုံမြို့အမှတ်(၃)ရပ်ကွက်ရှိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီ(၅) ဧရာဝတီတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ ဖျာပုံမြို့နယ်အသင်းခွဲရုံးတို့၏ အစီအစဉ်ဖြင့် ဒေသအတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် အခြေခံပြည်သူများ သက်သာချောင်ချီ ရေးအတွက် အဓိက စားသုံးသော ဧည့်မထ အချွန်ဆန်များအား တစ်ပြည်လျှင်( ၁၅၀၀ )ကျပ်ဖြင့် လူတစ်ဦးလျှင်(၃)ပြည်နှုန်းရောင်းချပေးနေကြောင်း သိရသည်။
အဆိုပါရောင်းချပေးနေမှု အခြေအနေအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥ က္က ဌ နှင့် အဖွဲ့ဝင်များ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှ သွားရောက်ကြည့်ရှု့အားပေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဖျာပုံခရိုင်မြို့နယ်များဖြစ်သည့် ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ်များတွင်လည်း ရောင်းချသွားမည်ဖြစ်ပြီးယခုရောင်းချပေးနေသောဆန်အမျိုးစားမှာ ဒေသပေါက်ဈေးတစ်ပြည်လျှင်(၂၂၀၀) ကျပ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီ(၅)မှ တာဝန်ရှိသူများ၏ တင်ပြချက်အရ သိရသည်။
DOCA(ဧရာဝတီ)