Main menu

ပန်းတနော်မြို့ အ.ထ.က ဒေါင့်ကြီး အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ပြုလုပ်ကျင်းပ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၈.၂၀၂၂) နေ့လယ် (၁၃:၀၀ မှ ၁၅:၀၀ ) နာရီအချိန်ထိ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ပန်းတနော်မြို့ အ.ထ.က ဒေါင့်ကြီး အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင် ပန်းတနော်မြို့နယ်တာဝန်ခံက စားသုံးသူတို့၏ အခွင့်အရေးအကြောင်း၊ စားသုံးသူတို့လိုက်နာရမည့်တာဝန်များ၊ စားသုံးသူတို့သည် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်ကို ရွေးချယ်ဝယ်ယူတက်စေရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့်နည်းလမ်းများနှင့်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား အငြင်းပွားမှုဖြစ်ပေါ်ပါက စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသော လုပ်ငန်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးပြီး ဟောပြောပွဲတွင် ဆရာ၊ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၀)ခန့် တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းမှုကို ပြန်လည်ပြောကြား ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)