Main menu

ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် ဈေးကားများဖြင့်လှည့်လည်၍ ရောင်းချပေးလျက်ရှိ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ပခုက္ကူမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်  ဝန်ထမ်းများအဖွဲ့သည် စားအုန်းဆီများ လက်လီဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်စေရေးအတွက် ရည်ရွယ်၍ ပခုက္ကူမြို့ပေါ်၌ စားသုံးသူပြည်သူများအား  နေ့စဉ် ဈေးကား(၅)စီးဖြင့်  လိုက်လံရောင်းချ ပေးနေမှုများကို ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါသည်။

        ပခုက္ကူခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပခုက္ကူမြို့ပေါ်ရှိ ကျေးရွာ/ ရပ်ကွက်များနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများသို့ စားအုန်းဆီများကို (၃.၈.၂၀၂၂)ရက်နေ့မှ (၈.၈.၂၀၂၂)ရက်နေ့ထိ ပထမအကြိမ်  (၁၉၈၀၀)ပိဿာကို တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ဈေးဖြင့် ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ရောင်းချခဲ့ပါသည်။ ဒုတိယ အကြိမ်(၁၀.၈.၂၀၂၂)ရက်နေ့မှ (၁၅.၈.၂၀၂၂)ရက်နေ့ထိ (၁၉၈၀၀)ပိဿာကို တစ်ပိဿာလျှင် (၃၉၀ဝိ/-)ကျပ်ဈေးဖြင့်လည်းကောင်း၊ တတိယအကြိမ်(၁၆.၈.၂၀၂၂)ရက်နေ့မှ (၂၁.၈.၂၀၂၂) ရက်နေ့ထိ(၁၉၈၀၀)ပိဿာကို တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်ဈေးဖြင့် မြို့နယ်ဒေသအာဏာ ပိုင်အစိုးရအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့၏  ကြီးကြပ်မှုနှင့်အတူ  စားအုန်းဆီပိဿာ ပေါင်း(၅၉၄၀၀)ပိဿာရောင်းချပေးခဲ့ပါသည်။ (၂၂.၈.၂၀၂၂)ရက်နေ့မှစ၍ တစ်ရက်လျှင် (၃၃၀၀)ပိဿာကိုတစ်ပိဿာလျှင်(၄၅၀ဝိ/-)ကျပ်နှုန်းဖြင့် ဆီပိဿာပေါင်း (၁၉၈၀၀)ပိဿာကို (၂၇.၈.၂၀၂၂)ရက်နေ့ထိ  စတုတ္ထအကြိမ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါသည်။

          ပခုက္ကူမြို့နယ်ရှိ အခြေခံလူတန်းစားများမှ ယခုလို လာရောက် ရောင်းချပေးခြင်းဖြင့် စားအုန်းဆီများ ဈေးနှုန်းကြီးမြင့်စွာ မဝယ်ရသည့်အတွက် အဆင်ပြေပါကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိသည့်အတွက် လက်ရှိအချိန်တွင် မိသားစုစားဝတ်နေရေး အဆင်ပြေသည်ဟု  ကြားသိရကြောင်း၊   ရပ်ကွက်အတွင်းသို့  လာရောက်ရောင်းချပေးသည့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီခွဲတမ်းများရရှိအောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည့် စားသုံးသူရေးရာဦးစီးဌာနကိုလည်း ကျေးဇူးတင်ပါသည်ဟု ပြောကြားကြောင်း သိရှိရပါသည်။

DOCA(မကွေး)