
(၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် ဟိန်းဆန်ဆိုင်ပိုင်ရှင်ဖြစ်သူအား ရောင်းချနေသော ဆန်အမျိုး အစားအလိုက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသောနှုန်းထက် ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်၊ ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်း မပြုရန် ပြောကြား ခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)