ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ တရားမဝင်စားသုံးဆီများရောင်းချမှုကို တားဆီးအရေးယူနိုင်ရေးအတွက် ဟင်္သာတမြို့တွင်ကုန်မျိုးစုံဆိုင်များအား (၂၃.၈.၂၀၂၂)ရက်၌ လည်းကောင်း၊ ဇလွန်မြို့နယ်တွင် (၁၉.၈.၂၀၂၂)ရက်နေ့၌လည်းကောင်း၊ လေးမျက်နှာမြို့နယ်တွင်(၁၉.၈.၂၀၂၂)ရက်နေ့၌လည်းကောင်း စားသုံးဆီများလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေသောဆိုင်များ၊ စည်ပင်ဈေးအတွင်းရှိ စားသုံးဆီဆိုင်များကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်စားသုံးဆီများတွင် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်စားသုံးဆီနှင့် အခြားတရားမဝင်တင်သွင်းလားသော စားသုံးဆီများ ရောင်းချ ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သိုလှောင်ထားရှိသည့် နေရာများအားစစ်ဆေးခြင်း၊ ကုန်စည်များအား ဝယ်ယူ စားသုံးသူမိဘပြည်သူများအတွက် ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်း လမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ တရားဝင်ကုန်စည်များကိုသာရောင်းချ ရန်နှင့် ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
ဟင်္သာတခရိုင်အတွင်းရှိ စားသုံးဆီရောင်းချနေသောဆိုင်များတွင် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီနှင့် အခြားတရားမဝင်တင်သွင်းလာသော စားသုံးဆီများရောင်းချခြင်းမရှိကြောင်းကို စိစစ်တွေ့ ရှိရပြီး၊ ဟင်္သာတမြို့တွင် ကုန်မျိုးစုံဆိုင်(၇)ဆိုင်၊ ဇလွန်မြို့တွင် စားသုံးဆီဆိုင်(၆)ဆိုင်နှင့် လေးမျက်နှာမြို့ တွင် စားသုံးဆီဆိုင်(၅)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)