Main menu

ဒေးဒရဲမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နေ့လည် (၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ရှိ အသင့်စားခေါက်ဆွဲ ရောင်းချနေသော ကုန်မျိုးစုံ ဆိုင်(၃) ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသိန်းမောင်က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား စစ်ဆေးခဲ့ကြရာ ရောင်းချနေသော Jumbo ၊ Shin Shin ၊ Yum Yum ၊ Wah–Lah ခေါက်ဆွဲ ခြောက်ထုပ်များတွင် FDA ထောက်ခံချက်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ထားရှိမှု အခြေအနေတို့အား  ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)