Main menu

ဒိုက်ဦးမြို့ ပန်းကိုင်ကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ၊ ပန်းကိုင်ကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌  (၂၂.၈.၂၀၂၂ )ရက်နေ့တွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနပေါင်းစုံ (၈) ဌာနမှ ပူးပေါင်းကာ စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ စားသုံးသူကာကွယ်ရေး အသိပညာပေးဆိုင်ရာ အကြောင်းအရာများကို  ဟောပြောခဲ့ပါသည်။

         တက်ရောက်လာသော တောင်သူများအား စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သမိုင်းကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ ၊ ဌာန၏ မျှော်မှန်းချက် ၊ ရည်မှန်းချက်များအကြောင်း ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာ များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲသော ကုန်ပစ္စည်းတိုင်းတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာမှု မရှိသည့် လုပ်ငန်းရှင်များအားလည်း အရေးယူမှု အပိုင်းများကို ထည့်သွင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)