
မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူ များအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ သြဂုတ်လ(၂) ရက်နေ့တွင် မြစ်သားမြို့ ၊ ဈေးတောင်ဘက်၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော အမဲသား တစ်ပိဿာ လျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင် (၂၈၀၀၀/-)ကျပ်၊ ငါး တစ်ပိဿာလျှင် (၁၈၀၀၀/-) ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-) ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၁၄၅/-)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၃၀၀/-)ကျပ်၊ ကြက်ဥ(၁၀)လုံးလျှင်(၂၅၀၀)ကျပ်နှင့်ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်မှတ်ထားသောနေရာများတွင် ဆက်လက် ရောင်းချပေးသွား မည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)