
ဧရာဝတီတိုင်ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်မတွင် စားသုံးသူရေးရာကော်မတီ ၃/၂၀၂၅ အစည်းအဝေးကို ဩဂုတ်လ ၆ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ဦးစောလင်းခယ် စားသုံးသူရေးရ၍ာကော်မတီအတွင်းရေးမှူး တိုင်းဦးစီးမှူး ဦးဝင်းထွန်း၊ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်း ၊ဒေါ်လှလှမော်၊စားသုံးသူရေးရာဌာနခွဲ ဝန်ထမ်းများ ဧရာဝတီတိုင်းစက်မှုအသင်းနှင့်စားသုံးသူရေးရာကော်မတီအဖွဲ့ ဝင်များတက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးစောလင်းခယ် မှ စားသုံးသူရေးရာကော်မတီအနေနဲ့ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာအစိုးရဌာန ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါက်းဆောင်ရွက်ခြင်း၊ အကြံညဏ်များရယူခြင်း၊ မြန်မာနိုင်ငံစားသုံးသူကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ကုန်သည်နှင့်ဈေးကွက်အတွင်းရှိ ကုန်စည်များအား ဘဏ္ဍာနှစ်အလိုက် ရွေးချယ်အတည်ပြုထားသော ဦးစားပေးကုန်စည်(၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးကဏ္ဍာမှာလည်း သက်မွေးသင်တန်းကျောင်း၊တက္ကသိုလ်ကောလိပ် တပ်ရင်းတပ်ဖွဲ့ အကုန်ဦးစီးဌာနမှ ဝန်ထမ်းများ မိသားစုဝင်များ ပါဟောပြောပွဲပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးကစားသုံးသူကာကွယ်ပေးရေးဆိုင်ရာများပြောကြားပြီး အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။
DOCA(ဧရာဝတီ)