
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(My RO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်အနေဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စပါး/ဆန် သိုလှောင်ထားရှိသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်၊ လူပုဂ္ဂိုလ်တို့မှ မှတ်ပုံတင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းရှင်များ အနေဖြင့် My ro မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများ နှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမတွင်(၇-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ညောင်တုန်းမြို့နယ်ရှိ ဆန်စက်အသင်း နှင့် ဆန်စပါးကုန်သည်အသင်း၊ အသင်းအဖွဲံ၊ အစုအဖွဲ့လုပ်ငန်းရှင်များ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် လုပ်ငန်းရှင်တို့အား မဟုတ်မမှန်သတင်းများ လွဲမှားနားလည်မှု မရှိစေရန်အတွက် မှတ်ပုံတင် သတ်မှတ်ပမာဏထက်သိုလှောင်ခွင့်မရှိကြောင်းသိုလှောင်ပါက အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှု မရှိကြောင်းကို ဆန်/စပါး သိုလှောင်သူလုပ်ငန်းရှင်နှင့် အသင်းအဖွဲ့မှ တာဝန်ရှိသူများ သိရှိနိုင်ရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)