Main menu

မန္တလေးတိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်း(၂၀၂၅-၂၀၂၈) ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပခြင်း

Powered by Drupal

    ၂၀၂၅ခုနှစ်ဩဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးခန်းမ၌ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည် ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်၊ တွဲဖက်စာရင်းစစ် ဦးကျော်ကိုစန်းနှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင် တို့မှ အသင်းဖွဲ့စည်း ရခြင်း၏ရည်ရွယ်ချက်၊ အသင်းမှဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

            ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) သက်တမ်း အတွက် အခမ်းအနားသို့ တက်ရောက်လာသော လုပ်ငန်းရှင်များမှ အသင်းဥက္ကဌ အပါအဝင် အလုပ် အမှုဆောင်(၂၀)ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များနှင့် အသင်းဝင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် အသင်းဝင်းများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့၍ အခမ်းအနားကို နေ့လယ်(၁၂:၀၀)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)