Main menu

နယ်စပ်ဒေသတိုင်းရင်သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

         ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြည်တွင်း/သုနည်းတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦး/ရှိ)နှင့်ဝန်ထမ်းများသည်(၂၅-၈-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကရင် ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ နယ်စပ်ဒေသတိုင်းရင်သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ်ရဲ တပ်ဖွဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါ သည်။

         အဆိုင်ပါဟောပြောပွဲများတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကို ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၂၅)နှင့်ပုဒ်မ ၈၄ ခုအကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး   ပြည်တွင်း / သုနည်း တာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦး/ရှိ)မှလည်း စားသုံးသူကာကွယ်ရေးဥပဒေမှ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်(၄)ချက်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသား အကြောင်း၊  စားသုံးသူအခွင့်အရေးများကို ရယူသုံးစွဲသည့် စားသုံးသူများအနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုတို့ကိုသုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှုမခံရစေရန်၊ နစ်နာဆုံးရှုံးမှုကြုံတွေ့လျှင် စားသုံးသူ အခွင့်အရေးမှ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိခြင်းတို့ကြောင့် စားသုံးသူ ရေးရာဦးစီးဌာန၊ CICC ရုံးသို့လာရောက်တိုင်ကြားနိုင်ကြောင်း၊  မိမိတို့ဌာန၏ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm website တို့တွင်ဝင်ရောက်လေ့လာပြီးတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)