Main menu

ပြည်ခရိုင်တွင် စပါး/ဆန်ဈေးများမြင့်တက်

Powered by Drupal

        ပြည်ခရိုင်တွင် စပါး/ဆန်ဈေးများ ယခုဩဂုတ်လ စတုတ္ထပတ်တွင် မြင့်တက်လာခဲ့ပါသည်။ နတ်တလင်းတောင်ပျံဈေးမှာ (၄၆)ပေါင် တင်း၁၀၀လျှင် ၁၂၅၀၀၀ကျပ်၊ မှော်ဘီစပါးဈေးမှာ တင်း၁၀၀လျှင် ၉၂၀၀၀၀ကျပ်၊ ကရင်မစပါးတင်း၁၀၀လျှင် ၉၀၀၀၀၀ကျပ်၊ ဧည့်မထစပါးတင်း ၁၀၀လျှင် ၈၅၀၀၀၀ကျပ်ဈေးဖြင့် မြင့်တက်လာခဲ့ပါသည်။ စပါးဈေးမြင့်လာသလို ဆန်ဈေးမှာလည်း မြင့်တက်လာသဖြင့် မှော်ဘီဆန် တစ်အိတ်လျှင် ၄၈၀၀၀ကျပ်၊ အင်းမဆန် တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် ၄၀၀၀၀ကျပ်၊ ဆင်းသွယ်တစ်အိတ်လျှင် ၄၀၀၀၀ကျပ်၊ ရတနာတိုး တစ်အိတ်လျှင် ၃၀၀၀၀ကျပ်၊ ကျော်ဇယျဆန် တစ်အိတ်လျှင် ၃၉၀၀၀ကျပ်၊ တောင်ပျံတစ်အိတ်လျှင် ၆၃၀၀၀ကျပ်ဖြင့် ဆန်ဈေးများမြင့်တက်နေပါသည်။ သယ်ယူခစရိတ်များ မြင့်တက်ခြင်း၊ စပါးလက်ကျန်နည်းလာသည့်အတွက် ဩဂုတ်လအတွင်းမှာ စပါး/ဆန် ဈေးများမြင့်တက်နေသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)