စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ စက်သုံးဆီတင်သွင်းဖြန့်ဖြူးနေသော စက်သုံးဆီအရောင်းဆိုင်(၁၆)ဆိုင်မှ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်၊ မန်နေဂျာတို့အား (၁၉.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်၊ လမ်းဦးစီး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သောအဖွဲ့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
မင်းဘူးမြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရး၊ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၆)ဆိုင်အား ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ နေ့စဉ်ထုတ်ပြန်ပေးသော ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ အချင်အတွယ်မှန်ကန်မှု ရှိ/မရှိ စက်သုံး ဆီပြတ်လပ်မှု ရှိ/မရှိ တို့အား (၂၁.၈.၂၀၂၂)ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)