Main menu

ညောင်တုန်းမြို့နယ် ဆန်/စပါး သိုလှောင်ရုံများမှ MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ ဖြည့်သွင်း ဆောင်ရွက်လျက်ရှိ

Powered by Drupal

    ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးရုံးတို့၏ ညွှန်ကြားချက် များအတိုင်းဆောင်ရွက်လျက်ရှိပြီး My Ro တွင် သိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိပါသည်။ ညောင်တုန်း မြို့နယ်အနေဖြင့် ကုမ္ပဏီ၊ လူ/ လူပုဂ္ဂိုလ်၊ လုပ်ငန်းရှင် စုစုပေါင်း ၇၅လုံး မှတ်ပုံတင်ဆောင် ရွက်ထားပြီးဖြစ်သည်။ လစဉ် လဆန်း ၇ရက်အတွင်း သိုလှောင်ရုံများမှ စပါး၊ ဆန် လက်ကျန်စာရင် များကိုလည်း လုပ်ငန်းများကိုယ်တိုင် My Ro စာရင်းရေးသွင်းဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူးရုံးမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။

          ၂၀၂၅ခုနှစ် ဩဂုတ်လအတွင်း မှတ်ပုံတင်သက်တမ်းတိုးရန် ၁နှစ်ပြည့်မှီ ရှိသူ လုပ်ငန်းရှင်တစ်ချို့ကလည်း မှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့မှ ဦးဝင်းနိုင် ကောင်းမြတ်သုခဆန်စက်၊ ဦးသိန်းလင်း မဟာဆန်စက် ဖုန်းနံပါတ်အပြောင်းလျှောက်ထားလျက်ရှိပြီး၊ ကျော်နိုင် ဆန်စက်တို့ သက်တမ်းတိုးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး၊ ညောင်တုန်းမြို့နယ် ဇူလိုင်လ ဆန်/စါး လက်ကျန်စာရင်းအရ တောင်သူ စပါး ၁၂၂၆၅၉၈ တင်း၊ ဆန် ၁၂၉၀၃ အိတ်၊ စက်ပိုင် ၁၁၅၂၇၀၁တင်း၊ ဆန် ၇၂၂၃၉၃ အိတ်၊ ကုန်သည် ၂၉၅၀၀ တင်း၊ ဆန် ၄၀၈၀ အိတ်၊ စုစုပေါင်း စပါး ၂၄၀၈၇၉၉ တင်း၊ ဆန် ၇၃၉၃၇၆ အိတ် စာရင်းတင်ထားကြောင်း မြို့နယ် စာရင်များအရသိရသည်။

DOCA(ဧရာဝတီ)