
(၁၂.၈.၂၀၂၅) ရက်နေ့၊ နံနက်(၈)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မအူပင်ခရိုင်၊ စားသုံးသူရေး ရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ (စစ်ဆေးရေးအရာရှိ) နှင့် ဝန်ထမ်းများ သည် ဓနုဖြူမြို့နယ်အတွင်း ရောင်းချနေသော ဦးစားပေးကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီနှင့် ရောနှောဆီများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဓနုဖြူမြို့နယ် ဈေးများဖြစ်သော မြို့မဈေး၊ မင်္ဂလာဈေး။ ဥမ္မာဌ္ဓာနီဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး လက်လီ/ လက်ကား ရောင်းချသည့် ကုန်စုံဆိုင် (၁၂)ဆိုင်မား စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
စစ်ဆေးရာတွင် အဆိုပါ အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီနှင့် ရောနှောဆီများအား စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အခြေခံစော ကုန်စည်အမျိုးအမည်ကို တိကျစွာဖော်ပြခြင်း ရှိ/မရှိ၊ အသားတင်ပမာဏ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထုတ်လုပ်ခွင့်ပြုချက်၊ ထောက်ခံချက်များ ပါဝင်မှု ရှိ/မရှိ ၊ ကုန်အညွှန်အမှတ်အသားဖော်ပြထားရှိမှုကို စစ်ဆေးခြင်း၊ ရောနှောဆီဖြစ်ပါက အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ် ကပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုညီမှု ရှိမရှိကို စစ်ဆေးခြင်း၊၊ ရောနှောဆီဗူးများတွင် စားအုန်းဆီနှင့် မြေပဲဆီ ရောနှောထားပါက ဦးစား ပေး ဖော်ပြရမည့် ရာခိုင်နှုန်း ရောနှောဆီ စို့မဟုတ် စားအုန်း မြေပဲရောနှောဆီဟု ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချနေသောဆီများသည် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)