Main menu

မြန်အောင်မြို့နယ် အခြေခံပညာကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချသော မုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဩဂုတ် လ (၁၂)ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမုန့်ဈေးတန်း များတွင်ရောင်းချသော မုန့်ဆိုင်များအား ကွင်းဆင်းစစ် ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေ သော ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ ခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပါသည်။ဆက်လက်၍ ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု၊ သက်တမ်းကုန်ဆုံးမည့် ရက်စွဲများ ဖတ်ရှု ရန် သင်ကြားပေးမှုများ ပြုလုပ်ခဲ့ပြီး၊ မုန့်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူများ စိတ်ကျေနပ်မှုရှိ စေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 (DOCA ဧရာဝတီ)