Main menu

ဇလွန်မြို့နယ် “ရွှေကောင်းကင်”လျှပ်စစ်ပစ္စည်းဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ရွှေကောင်းကင်” လျှပ်စစ်ပစ္စည်းဆိုင်သို့ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သတ်၍ အရည်အသွေး ပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင် ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် စစ်ဆေးခဲ့ပြီး၊ ရွှေကောင်းကင်ဖုန်းဆိုင်တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ လုပ်ငန်း ရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)