Main menu

စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၂/၂၀၂၂)ကျင်းပခြင်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို (၅.၉.၂၀၂၂) မွန်းလွဲ (၁၃း၀၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

     အဆိုပါ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးမှ အဖွင့်မှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက် ထားရှိမှုအခြေအနေ နှင့် အမှာစာများ၊ မေလ မှ သြဂုတ်လအထိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ စျေးကွက်စောင့်ကြည့်စစ်ဆေး‌ခြင်းများ ၊ ကုန်အညွှန်းအမှတ် အသားများ လျှောက်ထားလာမှုများအား စိစစ်တင်ပြအတည်ပြု ပေးခြင်းခဲ့ခြင်းများနှင့် လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို Power Point ဖြင့် ဆွေးနွေး တင်ပြခဲ့သည်။

   ထို့နောက်ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များတင်ပြခြင်း၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)