ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်နိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်ပူးပေါင်းပြီး (၅-၉-၂၀၂၂)ရက်နေ့ နေ့(၂:၀၀)နာရီအချိန်တွင် သံတွဲမြို့ ငကျော်တောင် အ.ထ.က(ခွဲ)ကျောင်း တွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်မိမိဝင်းက အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်မှ စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေး(၈)ချက်၊ အခန်း(၁၈)ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအားလည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး ဆက်လက်၍ သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဒေါက်တာရဲမင်းသိန်း (ဦးစီးအရာရှိ)က (FDA)ဌာနအကြောင်းသိကောင်းစရာများနှင့် အစားအသောက်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓါတ်ခွဲစစ်ဆေးဆောင်ရွက် နေမှုများအားလည်းကောင်း ရှင်းလင်းပြောကြားခြင်းနှင့် ဒေါ်ရဝတီဦး(ဒု-ဦးစီးမှူး)က စားသုံးသူ အန္တရာယ်ဖြစ်စေနိုင်သော ကြာရှည်အထားခံ ဆေးဝါးအသုံးပြုမှုအန္တရာယ်၊ ဓါတုဆိုးဆေးအန္တရာယ်၊ ဆေးသကြားအသုံးပြုမှုအန္တရာယ်အကြောင်းတို့အား ရှင်းလင်းပြောကြားပြီး အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/သူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)