Main menu

အထက (မင်းတန်း)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး (မော်လမြိုင်)၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ၆.၉.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ အထက (မင်းတန်း) ကျောင်းတွင် ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ်ဟောပြောပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေး (မော်လမြိုင်)မှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးအောင်မင်းနိုင်က ရှေးဦးသူနာပြုစုနည်းနှင့် ကြက်ခြေနီအသင်းအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးနေဇင်သက်က စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲ များသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၃၂၅) ဦး တက်ရောက်ခဲ့ပြီး လူကုန်ကူးမှုနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)