ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်၊ ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅-၉-၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီခန့်အချိန်တွင် အမ်းမြို့နယ် အမှတ် (၃)ရပ်ကွက်ရှိ “ဘကြီးအောင်” ဆားစက်ရုံသို့ သွားရောက်၍ ဆားထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းလေ့လာခြင်းနှင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ဦးအောင်မင်းခိုင်နှင့်ဝန်ထမ်းများ ကွင်းဆင်းလေ့လာချက်အရ “ဘကြီးအောင်”ဆားစက်သည် အိုင်အိုဒင်းဆားတစ်မျိုးတည်းသာထုတ်လုပ်ပြီး (၅၀)ကျပ်သားဝင် ပလတ်စတစ်အိတ်များဖြင့် သေသပ်စွာထုပ်ပိုး၍ “လွင်”အမှတ်တံဆိပ်ဖြင့် တစ်နေ့ ဆား (၄၈၀)ပိဿာခန့်အား (၃၀)ပိဿာဝင် အိတ်များဖြင့်ထည့်ကာ ဒေသတွင်းဖြန့်ဖြူးရောင်းချနေခြင်း၊ ဆား (၅၀)ကျပ်သား တစ်ထုပ်လျှင် စက်ရုံဈေး (၃၀၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချနေခြင်း၊ ထုပ်ပိုးသည့် ပလတ်စတစ်အိတ်ပေါ်တွင်ဖော်ပြထား သည့်ကုန်အညွှန်းအမှတ်အသားများအား ကုန်ပစ္စည်းအမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှု၊ သုံးစွဲပုံနည်းလမ်းများအားလည်း မြန်မာဘာသာဖြင့် ဖော်ပြထားရှိကြောင်းစိစစ် တွေ့ရှိရပါ သည်။
ဦးအောင်မင်းခိုင်၊ ဒုဦးစီးမှူးမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်၊ ကုန်ပစ္စည်း အမျိုးအစားအလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်း၊ စက်ရုံဝန်းကျင်သန့်ရှင်းမှုရှိစေရေးနှင့်ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်ရေး အသိပညာပေးပြောကြား ခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
DOCA(ရခိုင်)