Main menu

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းပြောင်းလဲမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

Powered by Drupal

     အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲဖြစ်ပေါ်နေမှု အခြေအနေအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင် တို့ပူးပေါင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ် ချရမှုရှိစေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်အမျိုးအစားဈေးနှုန်း များ ကုန်ခြောက်ပစ္စည်းအမျိုးမျိုး၏ဈေးနှုန်းများ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ငါး၊ ပုဇွန် ဈေးနှုန်းများ၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကားဈေးနှုန်း၊ ကုန်စိမ်းအရောင်း ဆိုင်များမှ အသီးအရွက် ဈေးနှုန်းများအား စာရင်းကောက်ယူခဲ့ရာတွင် ဩဂုတ်လ၏ ဒုတိယအ ပတ် လလယ်ပိုင်းနှင့် ဩဂုတ်လ၏ စတုတ္ထပတ် လကုန်ပိုင်းတွင် ဖြစ်ပေါ်နေသော အခြေခံစား သောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းတို့မှာ တည်ငြိမ်လျှက်ရှိပြီး စားအုန်းဆီဈေးနှုန်းများမှာ အနည်း ငယ်မြင့်တက်လာသည်ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)