ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော လူငယ်စာဖတ်ဝိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကွမ်းခြံကုန်း မြို့နယ်တာဝန်ခံဦးစီးမှူး ဒေါ်နွယ်နွယ်အေးမှလည်း စားသုံးသူဆိုင်ရာအကြောင်း သိကောင်းစရာများအား ကျောင်းသား/ကျောင်းသူများသိရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် ကွမ်းခြံကုန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
ယင်းလူငယ်စာဖတ်ဝိုင်းများအား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ကွမ်းခြံကုန်းမြို့ ပြန်ကြားရးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နန့်ဆွေနွယ်ဦးမှာ အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်များ စားသုံးသူများ၏ ဝန်ဆောင်မှုနှင့် သက်ဆိုင် သော ကိစ္စရပ်များတွင်လည်းကောင်း (သို့မဟုတ်) အစားအသောက်နှင့်ပတ်သက်၍လည်းကောင်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ တိုင်ကြားနိုင်သည့်နည်းလမ်းများ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)