ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အတူ (၅.၉.၂၀၂၂) ရက်နေ့ နံနက်(၀၈ :၀၀) အချိန်၌ ဓနုဖြူမြို့နယ်(၁၇)ရပ်ကွက်ရှိ မိဘဂုဏ်ရည် ဆန်စက်ရှေ့တွင် ပြည်သူများအား အခြေခံစား သောက် ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။
ထိုသို့ရောင်းချပေးရာတွင် ဓနုဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊တပ်မတော်သားများ ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မိဘဂုဏ်ရည် ဆန်စက်မိသားစုတို့မှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် ၊ ကြက်ဥ (၆)လုံးလျှင် (၁၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား(၁)ထုပ်လျှင် (၂၀၀)ကျပ်နှုန်းနှင့် တပ်မတော်စက်ရုံမှ ထုတ်လုပ်သော ပစ္စည်းများအား ဓနုဖြူမြို့နယ်အတွင်းရှိ လူဦးရေ (၆၀၀)ခန့်အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှလည်း စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူများသို့ ဖြန့်ဝေပေးပြီး၊ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို တနင်္လာနေ့နှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် (၂)ကြိမ် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ရေးအဖွဲ့ထံမှ သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)