ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ကိုကိုလွင်နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဒေါက်တာဇော်လွင် တို့၏ဦးဆောင်မှုနှင့်အတူ ၈-၉-၂၀၂၂ ရက်နေ့တွင် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်ရှိ စားသုံးသူပြည်သူများနှင့် ပျဉ်းမနားမြို့နယ်ရှိ MAPCO ဆန်စက်မှ လုပ်သားများကို တစ်ဦးလျှင် တစ်ပိဿာနှုန်း၊ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် ဆီပိဿာချိန် (၁၆၂၀)ကို ဈေးကားဖြင့် သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။
ဆက်လက်၍ လယ်ဝေးမြို့နယ်ရှိ ခရေတောနှင့် ရွာကလေးကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်က ဆီပိဿာချိန် (၆၆၀)ကိုရောင်းချပေးခဲ့ကြောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာ များတွင် ဆီလုပ်ငန်းရှင်များမှ ဆီပိဿာချိန်ပေါင်း (၂၆၄၀) ရောင်းချပေးနိုင်ခဲ့ကြောင်း၊ တပ်ကုန်းမြို့ နယ်ရှိ ကျေးရွာများတွင် တပ်ကုန်းမြို့နယ်ဆီလုပ်ငန်းရှင်များမှ ဆီပိဿာချိန်ပေါင်း (၃၉၆၀) ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
DOCA(ပြည်ထောင်စုနယ်မြေ)