Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ၃/၂၀၂၂အစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

       ဧရာဝတီတိုင်ဒေသကြီးစားသုံးသူရေးရာကော်မတီ၏ ၃/၂၀၂၂ အစည်းအဝေးကို ဩဂုတ်လ ၃၁ရက်နေ့ နေ့လယ်  ၁၃:၀၀နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စားသုံးသူရေးရာ ကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီး ဦးတင်အေး စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ ဖြစ်သော သယံဇာတဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းကို၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာမျိူးထွန်းကျော်၊ တိုင်းစည်ပင်သာယာရေးအဖွဲ့လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးအောင်၊ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင် နှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး များဖြစ် သော ဦးကျော်စိုးရီ၊ ဦးစံကြည်၊ ဒေါ်ဖြူဖြူလတ်နှင့် အမှုထမ်းများ စုစုပေါင်း-၁၅ဦး တက်ရောက် ခဲ့ပါသည်။

     စားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စာသုံးသူရေးရာ ကော်မတီ အစည်းအဝေးကို ၂လလျှင်တစ်ကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို အငြင်းပွားမှုများဖြေရှင်းရာတွင်လည်း အကြံဉာဏ်များရယူခြင်းကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားနှင် ပတ်သက် ၍လည်း ဈေးကွက်စောင့် ကြည့်စစ်ဆေး ခြင်း ဥပဒေပြဌာန်းချက်များဖောက်ဖျက်ကျူးလွန်ခြင်း စီစစ်တွေ့ရှိပါက တိုင်းဒေသကြီး ဦးစီးမှူး နှင့် စားသုံးသူရေးရာကော်မတီတို့မှ သတိပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူ အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးစိုးအောင်က လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင် ရွက်မည့် အစီအစဉ်များအား ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသော စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များကလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)