ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၆.၉.၂၀၂၂)ရက်နေ့ မွန်းလွှဲ(၁၄:၀၀)နာရီက မြို့ပေါ်ရှိ အိမ်သုံးဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ အိမ်သုံးဆေးအရောင်းဆိုင်ရှင်များအား စားသုံးသူပြည်သူများ သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဈေးနှုန်းများမြှင့်တင် ရောင်းချခြင်းမပြုရန် ဆေးဆိုင်များတွင် ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဆေးဆိုင်များပုံမှန်ဖွင့် လှစ်ရောင်းချနိုင်ရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ရောင်းချနေခြင်း စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)