စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့်ဌာနမှ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအပေါ်သိရှိနားလည်နိုင်ရန်နှင့် အထက်ဌာနမှပေးအပ်သော လုပ်ငန်းလမ်း ညွှန်ချက်များကို အချိန်နှင့်တပြေးညီလုပ်ဆောင်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း သို့ (၇.၉.၂၀၂၂)ရက်နေ့မှ (၉.၉.၂၀၂၂) ရက်နေ့ထိ (၃) ရက်ဖွင့်လှစ် ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ကျော်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်များသည် မိမိလုပ်နေကျအလုပ်တစ်ခုတည်းကိုသာ ကျွမ်းကျင်နေရုံဖြင့် မလုံလောက်ပါကြောင်း၊ ဌာန၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ပင်ဖြစ်ရာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထောင့်ပေါင်းစုံအချက်ကျကျ ဗဟုသုတစုံလင်စွာဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းအားလုံး၏အရည် အသွေး၊ အရည်အချင်းများသည်ဓားကဲ့သို့ အမြဲတမ်းသွေး၍ ထက်မြက်စေလိုကြောင်း၊ ဌာနအကြီး အကဲများမှ ချမှတ်ပေးသော မူဝါဒများ၊ လမ်းညွှန်ချက်များ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အပေါ်သိရှိနားလည်နိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန် ရည် ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ရပါကြောင်း ပြောကြားခဲ့ပါ သည်။
သင်တန်းတွင် ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနခွဲ တာဝန်ခံများမှ သက်ဆိုင်ရာဘာသာရပ်များကို သင်တန်းပို့ချကြရာ အသိပညာပေးဟောပြောရာတွင် ပါဝင်သင့်သော အချက်များ ဌာနအလိုက်တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ရုံးလုပ်ငန်းလုပ်ထုံး လုပ်နည်းများဖြင့် ရုံးစာရေးသားရာတွင် သိရှိစေရန်အချက်များ၊ ဌာနမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီမံချက်များနှင့် ပတ်သက်၍ သင်ခန်းစာများကို ပို့ချကြောင်းနှင့် သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)