Main menu

မင်းဘူးမြို့မဈေးအတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊မင်းဘူး မြို့နယ်တာဝန်ခံသည် ၈.၉.၂၀၂၂ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မင်းဘူးမြို့မဈေး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီတို့ ပူးပေါင်းပြီး အများပြည်သူအတွက်ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေး နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မင်းဘူးမြို့မဈေးအတွင်းရောင်းချနေသောမုန့်ဆိုင်(၇)ဆိုင်အား FDA မှ စားသုံးရန် မသင့်ဟု တားမြစ်ထားသော Happy Bei Bei အမှတ်တံဆိပ်ပါ သံပုရာရည်၊ နိုင်ငံကျော်သရဖူ အမှတ်တံဆိပ်ပါ အရောင်တင်မှုန့်၊ New Choice မက်မန်းသီး၊ Happy အမှတ်တံဆိပ်ပါ ဆေးမန်းကျည်း၊ Power Ball Energy Drink ၊ အမှတ်တံဆိပ်မပါ ရောင်စုံဂျယ်လီတို့အား ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး တစ်ဆက်တည်း ဒေသတွင်း ထုတ်လုပ်သော အသင့်စား စားသောက်ကုန်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေအရ ပြဌာန်းထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းထားမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ ပြည်စုံစွာပါဝင်သည့်ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်  အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)