Main menu

ညောင်တုန်းမြို့နယ် ကုန်မျိုးစုံဆိုင်မှ ရောင်းချကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၉.၉.၂၀၂၂) ရက်နေ့ နံနက် (၁၀:၁၅)နာရီအချိန် ညောင်တုန်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဆားမလောက်ကျေးရွာရှိ စေတနာကုန်မျိုးစုံဆိုင်မှ ‌ရောင်း ချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စေတနာကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

   ဆက်လက်၍ စေတနာကုန်မျိုးစုံရောင်းချသူပိုင်ရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ အရ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်စေရေး၊ အလေးချိန်နှင့် အရည်အသွေးမှန်ကန်စေရေး၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့် မညီညွှတ်သော ကုန်စည် များ ရောင်းချနေခြင်း တွေ့ရှိပါက အရေးယူနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်၏လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအကြောင်း ပညာပေးဆွေးနွေးခဲ့ပါသည်။ စေတနာကုန်မျိုးစုံဆိုင်ရှိ အခြေခံစားသောက်ကုန်၊ မုန့်မျိုးစုံ၊ စားသုံးဆီ နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် တွေ့ရှိချက်အရ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင် ဖော်ပြချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)