Main menu

မကွေးမြို့အတွင်း ဆေးအရောင်းဆိုင်များနှင့် ဆေးကုမ္ပဏီများသို့ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       မကွေးမြို့အတွင်း ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိ စေရေးအတွက် တိုင်းဒေသကြီးဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ သည် (၁၁.၉.၂၀၂၂)ရက်နေ့၊ နံနက်(၀၉ : ၄၅)မှ(၁၂ : ၀၀) အချိန်ထိ ဆေးအရောင်းဆိုင်များ၊ Mega ဆေးကုမ္ပဏီနှင့်A.A Medical produstd ltd; များသို့ သွားရောက်၍ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

                  အဆိုပါဆေးဆိုင်များနှင့် ဆေးကုမ္ပဏီများတွင်    ဆေးဝါးရောင်းချခွင့်လိုင်စင်နှင့် တရားမဝင် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ Lebelling ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိခြင်း ရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆေးဝါးအများစုမှာ ပစ္စည်းပြတ်လပ် မှုမရှိဘဲအရည်အသွေး တူသော်လည်း တင်သွင်းသည့်ကုမ္ပဏီနှင့် ထုတ်လုပ်သည့်နိုင်ငံ မတူညီမှုကြောင့် ဈေးနှုန်းကွာခြားခြင်းသာရှိကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် ပြည်ပမှတင်သွင်းသော  ဆေးဝါးပစ္စည်း များအလုံအလောက်ရှိသော်လည်း ဆေးဈေးနှုန်း များမှာ ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ယခင်နှစ် ကာလတူထက် တစ်ဆခွဲမှ နှစ်ဆခွဲထိ မြင့်တက်သွားခြင်းဖြစ်ကြောင်း၊ ပြည်တွင်းထုတ် ဆေးဝါး များမှာ ဈေးနှုန်းအနည်းငယ်သာမြင့်တက်မှုရှိကြောင်း၊ ဆေးဝါးများ ရောင်းချရာတွင် ကုမ္ပဏီရုံးချုပ်မှသတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်းသာရောင်းချကြောင်း A.A Medical produstd ltd အနေဖြင့် ယခင်က 5+1 FOC ဖြင့်ရောင်းချနေရာမှ စက်တင်ဘာလဆန်းမှစ၍   (၁၁ %)ဈေးပြန်ချ၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)