Main menu

ညောင်ဝိုင်းကျေးရွာရှိ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး တွေ့ဆုံဆွေးနွေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် (၉.၉.၂၀၂၂) နေ့တွင် မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးဥာဏ်ထွန်း၏ နေအိမ်၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ၏ သိသင့်သိထိုက်သောအချက်အလက်များကို စတင်ဟောပြောဆွေးနွေးခဲ့ပြီး၊ ငှက်ပျောစိုက်တောင်သူကြီး ဦးလှမြင့်စိုးက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ မိမိတို့ တောင်သူများ လေးစားလိုက်နာပါက မည်သို့အကျိုး အမြတ်ရရှိပုံနှင့်၊ လေးစားလိုက်နာမှုမရှိပါက တွေ့ကြုံရမည့် အခက်အခဲများကို သိရှိလို၍ မေးမြန်းရာ ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား၏ အရေးပါပုံနှင့်  လေးစားလိုက်နာပါက  စားသုံးသူအတွက်သာမက လုပ်ငန်းရှင်များပါ ကောင်းကျိုးများရရှိနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)