Main menu

ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီး ဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ (၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင် (၇) ဆိုင်အား ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဈေးနှုန်း အနေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကြောင့် ဆေးဈေးနှုန်းများ အနည်းငယ်မြှင့်တက်လာသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ 

    စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါး များနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resg-istration No.(IR) များ ဖော်ပြထားသောဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀) ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)