Main menu

မင်းပြားမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

       ရခိုင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  (၁၂-၉-၂၀၂၂)ရက်နေ့  နံနက်(၁၀:၀၀)နာရီ အချိန်တွင် မင်းပြားမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် နည်းပြဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ(၈၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်းက ၂၀၁၉ ခု ဉပဒေတွင် ပြဌာန်းထားသော စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို သိရှိစေရန်အတွက် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကုန်စည်များဝယ်ယူအသုံးပြုရာတွင် စိတ်ချ လုံခြုံစွာအသုံးပြုနိုင်စေရေးအတွက် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာဖော်ပြထားသော ကုန်စည် များကိုသာ ဝယ်ယူအသုံးပြုကြရန်၊  မုန့်များဝယ်ယူစားသုံးရာတွင်လည်း သက်တမ်းလွန်အစားအစာ များကို ဝယ်ယူစားသုံးခြင်းမပြုကြရန် အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)