ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၂-၉-၂၀၂၂)ရက်နေ့ နေ့လယ် (၁:၀၀)နာရီအချိန်တွင် စစ်တွေမြို့၊ မြောက်စံပြရပ်ကွက်ရှိ ဒေါ်ခင်ထွေးဝင်း Prince(မင်းသားလေး) ကိတ်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်လုပ်ငန်းရှင်အပါအဝင် ဝန်ထမ်း(၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းက ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၀)၊ ပုဒ်မ(၂၁) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်၊ အခန်း(၁၁)၊ ပုဒ်မ(၂၂)အရ ရောင်းချသည့်ကုန်စည်တွင် သာမန်အားဖြင့်မမြင်နိုင်သော သဘာဝပြောင်းလဲမှုနှင့်စပ်လျဉ်း၍ စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်ညွန်ကြားချက်များအား အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပြီး လိုက်နာ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် အသေးစိတ်ဇယားပါဝင်သော လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)