Main menu

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal

   မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂..၂၀၂၅ ရက်နေ့ နံနက် (၀၇း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဝင်းဇော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး စစ်ဆေးခြင်း၊ ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ သက်သာသောဈေးနှုန်းဖြင့် Myat Ah Kan စားအုန်းဆီကုမ္ပဏီမှ ပိဿာ (၄၀၀) အား တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ အငြိမ်းစားဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)