
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်၍စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေး ခြင်းများဆောင်ရွက် လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထား သော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါ သည်။
ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၃)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၂)ရက် နေ့ နံနက်(၀၉;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်(၀၈;၀၀) နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့နယ် ရှမ်းစုကျေးရွာရှိ “UTN” စက်သုံးဆီ အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့ နံနက် (၀၉;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်များတွင် ရောင်းချနေသည့် စည်သွတ်ဘူးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း ကျွန်းလှမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံး ဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ နေ့စဉ် သတ်မှတ် ထုတ်ပြန်ထား သော စက်သုံးဆီ ရည်ညွှန်းဈေး နှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန် အတွယ်နှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချ နေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ် အသား ဖော်ပြရမည့် အသေး စိတ်စိစစ်ချက်များ အတိုင်း ပြည့်စုံစွာ ထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံ သော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည်များကိုသာရောင်းချရန် လိုအပ်ကြောင်းနှင့် စားသောက်ဆိုင်များတွင် အစားအသောက် နှင့်အသုံးအဆောင် ပစ္စည်းများ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ စစ်ဆေးပြီး စားသောက်ဆိုင်ၐများမှ ပေးအပ်သည့် ဝန်ဆောင်မှုများ နှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများ အား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေး ဖော်ပြစေခြင်း၊ မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက် ဖွယ် ရာများ၏ အမျိုးအစား၊ အရွယ်အစား (Size) ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်း မြင်သာစွာ ကြိုတင်အသိပေး ဖော်ပြခြင်းများ ဆောင်ရွက် ထားရှိခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေး အန္တရာယ်များ ကာကွယ်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဌာနဥပဒေနှင့် ညွန်ကြား ချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)