Main menu

  ကန့်ဘလူခရိုင်၌ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်က ကန့်ဘလူ မြို့၏ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီဘုရားဝင်းအတွင်း၌ ကန့်ဘလူခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

          အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဘုရားဝင်းအတွင်းရှိ ဌာနဆိုင်ရာအလိုက် သတ်မှတ် ထားသည့် နေရာများတွင် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ သစ်ကိုင်းများ၊ ခြုံနွယ်ပိတ် ပေါင်းများ၊ မြက်များကိုရှင်းလင်းခြင်း၊ ၊ တံမြက်စည်းလှဲခြင်း တို့ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ကြီးချုပ်က သန့်ရှင်းရေး ဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ နံနက်စာ ကောက်ညှင်း ပေါင်း၊ အကြော်နှင့် လက်ဖက်ရည်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)