Main menu

မိုးညှင်းမြို့အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၄.၉.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့အတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ကုန်စုံဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ကုန်မျိုးစုံရောင်းချနေသောကုန်စုံဆိုင်များတွင် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွန်းအမှတ်အသားဖော်ပြခြင်း  နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ မရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက် အတွင်းရောင်းချမှု ရှိမရှိ၊သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များပါဝင်ခြင်း ရှိ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)