Main menu

စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားအုန်းဆီစနစ်တကျဖြန့်ဖြူးရောင်းချရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ပုသိမ်ခရိုင်ဦးစီးမှူး ဆီလုပ်ငန်းရှင်အသင်းဥက္ကဌနှင့်အတူ စက်တင်ဘာလ (၂)ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း  တိုင်း/ပြည်နယ်ဦးစီးမှူးများနှင့် ပြုလုပ်သည့် စားသုံးဆီစနစ်တကျဖြန့်ဖြူးခြင်းရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့ပါသည်။

      စားအုန်းဆီရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်နှင့် ဈေးပိုမို ရောင်းချခြင်းမပြုလုပ်ရန် အလေးချိန်အတွက် မှန်ကန်စွာပြည်သူ့လက်ဝယ်ရောင်းချမှတ်တမ်း(၆)မျိုးထားရှိရန် လက်လီ/လက်ကားဈေးနှုန်းမှန်၊နေရာမှန်၊အချိန်မှန်၊ဈေးနှုန်းမှန်၊အရေအတွက်မှန်၊အချိန်အတွက်နှင့် အရည်အသွေးမှန်ကန်စေရေးနှင့် လုပ်ငန်းရှင်များမှလည်း မျှတစွာဆောင်ရွက်သွားရန် အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)