
၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီ ခွဲအချိန်တွင် ပို့ကုန်လိုင်စင်လျောက်ထားရန် ကျန်ရှိသော ဆားမ လောက်ကျေးရွာ၊ရန်ကုန်-ပုသိမ်၊ကားလမ်းမဘေး၊ညောင်တုန်းမြို့နယ်ရှိ UAPPT Good Brothers' Co.,Ltd ဆန်/ဆန်ကွဲသိုလှောင်ရုံ ၂နေရာအား မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် MITS, MRF, DOCA & DOTအဖွဲ့ များ ပူးပေါင်း ပါဝင်ခဲ့ကြပြီး UAPPT ဆန်ကွဲ သိုလှောင် ရုံ ၂နေရာတွင် ဆန်ကွဲများ သိုလှောင်ထားရှိမှုအခြေအနေများ ပို့ကုန်လိုင်စင်လျောက်ထားသော အချက်အလက်များနှင့် ကိုက်ညီမှု ရှိမရှိ၊ သိုလှောင်ရုံပမာဏ အကျယ်အဝန်းအခြေအနေများ၊ ဆန်ကွဲအရည်အသွေး Myanmar Broken Rice 100% B1:2 Sortexed 500 MT ပြည့်ဝမှု ရှိမရှိနှင့် သိုလှောင်ရုံမှတ်ပုံတင်/ လိုင်စင်များ ထောက်ခံချက်များကို ကြည်ရှု စစ်ဆေးခြင်း၊ လျှောက်ထားချက်ပါ အချက်အလက်များအား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်း၊ လျှောက်ထားချက်ပါ အချက်များမှာ ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ လျှောက်ထားလာသည့် ကုန်ပစ္စည်းနှင့် မှန်ကန်မှု ရှိ/မရှိစိစစ်ခြင်း၊ လျှောက်လွှာပါအချက်အလက်များနှင့် ပူးတွဲပါစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်ပါက လိုင်စင်ထုတ်ပေးနိုင်ရန် မြေပြင်အခြေအနေမှန်များကို စစ်ဆေးခဲ့ကြကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)