Main menu

ကလေးခရိုင်ဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း ( Online Sale ) လုပ်ငန်းရှင်များအား အသိပညာပေးခြင်း ဆောင်ရွက်

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ စားသုံးသူရေးရာဦးစီဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိပြီး ဖြစ်သည့် လုပ်ငန်းရှင်များ ( ၅ ) ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါအသိပညာပေးရာတွင် ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)