Main menu

ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၁၂၅၉)၊ ရန်ကုန်-ပုသိမ်လမ်း၊ နဝဒေး အိမ်ရာ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Super One သို့ စားသုံးဆီအမျိုးမျိုးရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် တာဝန်ခံမှ ပူးပေါင်းပါဝင်လျက် စားသုံးဆီအမျိုးမျိုးဖြစ်သော ရန်ကုန်၊ ရွှေအုံ၊ အမေထွား၊ Lotus၊ Duck နှင့် Meizan တို့တွင် ကုန်စည်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ် အသားများဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်းများနှင့် ပိဿာကျပ်သားကို မြန်မာဘာသာဖြင့် ဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)