Main menu

စားသုံးဆီအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဉီးရှင်းခန့်ကိုကို သည်မြို့မဈေးတာဝန်ခံတို့ပါဝင်လျက် (၂.၉.၂၀၂၅)ရက်နေ့ နံနက် (၁၀:၅၀)အချိန်တွင် တိုက်ကြီး မြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်မျိုးစုံဆိုင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂/၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်စေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် တရားမဝင်တင်သွင်းလာသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)