Main menu

မြို့နှင့်မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Powered by Drupal

    ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နှင့်မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို (၃၁.၈.၂၀၂၅)ရက်နေ့ နံနက်(၇:၀၀)နာရီ အချိန်တွင် ဘူတာရပ်ကွက်၊ အမှတ်(၁၀၁)သစ်စက်ရှေ့ ရန်ကုန်-ပြည်ကားလမ်းနှင့်မီးရထားလမ်း ကြားတို့ကို  သန့်ရှင်းရေး ဆောင်ရွက်ပါသည်။

    ထိုသို့ဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထိန်လင်းအောင် ဉီးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိ ဉီးမျိုးထိုက်ဝင်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မှ အမှတ်(၁၀၁)သစ်စက်ရှေ့ ရန်ကုန်-ပြည်ကားလမ်းနှင့် မီးရထားလမ်းတစ်လျှောက်ရှိ ခြုံနွယ်များ၊ သစ်ကိုင်းများအား ခုတ်ထွင်ခြင်း၊ မြက်ပင်များ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရှင်းလင်းပြီး အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျသိမ်းဆည်း စွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)