
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့အတွင်းရှိ Modern Mart နှင့် စည်ပင်သာယာမြို့မဈေးအတွင်းရှိ လူသုံးကုန်များနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်များ တွင် ထိုင်းနိုင်ငံထုတ်ပစ္စည်းများ ပြတ်လပ်နေမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား စက်တင်ဘာလ(၂)ရက်နေ့၊ နေ့လည်(၁၃၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သန်လျင်မြို့နယ်အတွင်းရှိ Modern Mart များနှင့် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေသည့်ဆိုင်များ တွင် ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း ပြတ်လပ်နေမှုရှိ/မရှိ မြေပြင်ကွင်း ဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ ပစ္စည်းများနှင့် ပတ်သတ်၍ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)