
Phi ကုမ္ပဏီသည် ဆန်ရူပအရည်အသွေးအား မိရိုးဖလာ စစ်ဆေးမှုမှသည် Rice Solution Mobile Application ကို အသုံးပြု၍ တိကျမှန်ကန်သော နည်းပညာသစ်ဆီသို့ ရည်ရွယ်၍ ၎င်းတို့ ကုမ္ပဏီမှ ထုတ်လုပ်သည့် ဆန်အရည်အသွေးစစ်ဆေးသည့် Mobile Application ရှင်းလင်းပြသခြင်း အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာန၊ ဌာနမှူး ဦးသန့်စင် တက်ရောက် အဖွင့်အမှာ စကားပြောကြားပါသည်။
အခမ်းအနားတွင် Phi Rice Solution Mobile Application မန်နေဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးသင်းက ဆန်အရည်အသွေးစစ်ဆေးသည့် Mobile Application အကြောင်းကို Power Point ဖြင့် ဦးစွာ ရှင်းလင်းပြသပြီး Mobile Application ဖြင့် ဆန်အရည်အသွေး စစ်ဆေးခြင်းကို လက်တွေ့ပြသပါသည်။ ထို့နောက် တက်ရောက်လာသော ဆန်စက်လုပ်ငန်းရှင်များ၏ မေးမြန်း ဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
Mobile Application အကြောင်း ရှင်းလင်းပြသပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီး ဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် တောင်ငူခရိုင်မှ ဆန်စက်လုပ်ငန်းရှင်များနှင့်အတူ တောင်ငူမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း တို့မှ တာဝန်ရှိသူများလည်း တက်ရောက်လေ့လာကြောင်း သိရပါသည်။
DOCA(ပဲခူး)