Main menu

“စဉ့်ကိုင်မြို့နယ်ရှိ HERO သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စဉ့်ကိုင်မြို့နယ် ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စက်တင်ဘာလ (၂) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်ရှိ HERO သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ဆေးရေး အရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှပြန်ရောက်ရှိလာသော ဗူးခွံများ၏ အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း၊ရေသန့်များထုတ်လုပ်ရာတွင်စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့်စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော(၂/၂၀၂၉)ပါ ကုန်စည်အမျိုး အစားအလိုက်ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များ လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)