
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၉/၂၀၂၅ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ၁.၉.၂၀၂၅ တနင်္လာနေ့ နေ့လယ် (၁၅ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး များနှင့် အရာထမ်း ၊အမှုထမ်းများ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံခရိုင်များမှ ခရိုင်ဦးစီးမှူးများ၊ ပြင်ဦးလွင်ခရိုင်နှင့် ညောင်ဦးခရိုင်ရုံးများမှ ခရိုင်တာဝန်ခံများနှင့် ဝန်ထမ်းများက Zoom ဖြင့်တက် ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဇော်လွင်က အဖွင့်အမှာ စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများ၊ ခရိုင်ရုံး များမှ ခရိုင်ဦးစီးမှူးများ ခရိုင်တာဝန်များက ယခင်လအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်အနေဖြင့် သွားလာဆောင်ရွက်လုပ် ကိုင်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)